မှိုစိုက်ပျိုးခြင်းနည်းလမ်းများ


- အထုပ်ပြုလုပ်စိုက်ပျိုးခြင်း (ငွေမိုး/နှင်း၊ ကြွက်နားရွက်၊ နို့စိမ်းမှို၊ လင်ဇီး၊ထပ်တစ်ရာမှို၊ ရှီတာကီ၊မျောက်ခေါင်း၊ရွှေအပ်မှို)

- အပုံပြုလုပ်စိုက်ပျိုးခြင်း     (ကောက်ရိုး၊ ကြယ်သီးမှို)

- သစ်တုံးဖြင့်စိုက်ပျိုးခြင်း    (ငွေနှင်း၊ ကြွက်နားရွက်၊ ရှီတာကီ၊ လင်ဇီး၊ ထပ်တစ်ရာမှို)


အထုပ်စိုက်ပျိုးရန်အတွက်မှိုစိုက်တဲဆောက်ရန်လိုအပ်


မှိုစိုက်တဲ

- နမူနာအနေဖြင့် အလျား ၁၈ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၀ ပေ၊ ခေါင် ၃ ပေ ရှိသော အဆောက်အဦးတစ်ခုတွင် အထုပ်ထားပုံပေါ်မူတည်၍ ၂၀၀၀-၃၀၀၀ အထိ ထားနိုင်သည်။
- စိုက်ခန်းအနေအထား - အစိုဓာတ်ထိန်းနိုင်သောအခင်းရှိရမည်။
- လေဝင်လေထွက်ကောင်းရန် မြင့်မိုရ်မှာ ၁ ပေခွဲ - ၂ ပေ အပေါက်ဖောက်၍ဖြစ်စေ၊ အမိုးနှင့် နံရံ အကြား ၅-၆ လက်မခန့် လွှတ်ထားခြင်းဖြင့်ဖြစ်စေ ဖန်တီးနိုင်
- အလင်းရောင် အနည်းငယ်ဝင်နိုင်ရန် ဖန်တီးထားရမည်။
- စင်များကို သံ၊ သစ်၊ ဝါး ကြိုက်နှစ်သက်ရာသုံးနိုင်သည်။
- ရေစိုဒဏ်ခံနိုင်ရန်သာ ဖန်တီးထားရမည်။

မှိုထုပ်များလောင်းရန်ရေ


- အချဉ် အငန် သမရန်လို
- မညစ်ပတ်သောရေ၊ လူသောက်သုံးနိုင်သောရေ ဖြစ်ရမည်။
- အကောင်းဆုံးမှာ မိုးရေ (နိုက်ထရိုဂျင်များ)

 အထုပ်ဖေါက်နည်း(၃)နည်း


၁။ ကော်လံမှဖွင့်ဖေါက်နည်း  
၂။ ထိပ်မျက်နှာစာမှဖွင့်ဖေါက်နည်း
၃။ ဘေးမျက်နှာစာမှဖွင့်ဖေါက်နည်း







အထုပ်ထားနည်း(၃)နည်း


၁။ ထောင်ထားနည်း
၂။ လှဲထားနည်း
၃။ ချိတ်ဆွဲထားနည်း