ကောက်ရိုးမှို

ပုံစံခွက်ဖြင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်းစနစ်
နေရာဒေသမရွေး တစ်နှစ်ပတ်လုံးအတွက် အထွက်ကောင်းမွန်တည်ငြိမ်သော မှိုစိုက်ပျိုးနည်းစနစ် ဖြစ်သည်။

ကုန်ကြမ်း
-ကောက်ရိုး၊ ရိုးပြတ်၊ စပါးနှုတ်ပင်(လုံးဝခြောက်သွေ့ရမည်၊ နှစ်ချို့မဖြစ်စေရ)

ဖြည့်စွက်စာ

- ဗေဒါ၊ ငှက်ပျောရွက်/ပင်စည်၊ ပဲပင်အမျိုးမျိုး၊ နေကြာ၊ လဲမှို့အူတိုင်၊ ဝါအလေအလွင့် (၂) ပြည်
- မြင်းချေး၊ နွားချေး၊ ကျွဲချေး(၁) ပြည်
- ဖွဲနု(၃) ဗူး(နို့ဆီဗူး)(ဖြည့်စွက်စာအားလုံး လုံးဝခြောက်သွေ့ရမည်)

ရေ
ရေကောင်းရေသန့်ဖြစ်ရမည်။အချဉ်-အငံဓာတ်(pH 6.5 - 7.8)ဖြစ်ရမည်။ပင်လယ်ဒီရေ၊ဓာတ်သတ္တုပျော်ဝင်မှုလွန်ကဲသောရေ၊စက်မှုစွန့်ပစ်ရေများလုံးဝမဖြစ်စေရ။

မြေ
မြေမျက်နှာပြင်ညီရမည်။ဆား/ဆပ်ပြာ/စိမ့်ပေါက်သောမြေ၊လောင်စာဆီ၊ ပိုး/ပေါင်း/မှိုသတ်ဆေးသိုလှောင်ရာနေရာဟောင်းနှင့်"ခြ"မြေမဖြစ်စေရ။

မျိုး
-မျိုးကောင်းမျိုးသန့်ဖြစ်ရန် အရေးကြီးပါသည်။
-နုလွန်းရင့်လွန်းခြင်း၊ ပိုးမွှားရောဂါ မကင်းစင်ခြင်း၊ မှိုမျှင် အားနည်းခြင်း မဖြစ်စေရပါ။
-မျိုးသွင်းပြီးနွေ(၁၀)ရက်၊မိုး(၁၂)ရက်၊ဆောင်း(၁၄)ရက်မှစ၍စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပြီး(၂၁)ရက်ကျော်လျှင်မျိုးသက်တမ်းရင့်၍မစိုက်ပျိုးသင့်ပေ။
-အထွက်နှုန်းကောင်းခြင်းနှင့် အောင်မြင်မှုတို့၏ (၉၀)ရာခိုင်နှုန်းမှာ မျိုး၏ အရည်အသွေးပေါ်တွင် မူတည်သည်။

ပုံစံခွက်
-စနစ်ကျ၍ရာသီမရွေးအထွက်နှုန်းတည်ငြိမ်သောပုံစံခွက်အတိုင်းအတာမှာ - အလျား (၄-၃)ပေ၊ -အောက်ခြေအနံ (၁)ပေခွဲ၊ အပေါ်နံရံ (၁)ပေ၊ အမြင့် (၁)ပေခွဲ၊ နှစ်ဖက်ဖွင့်ဇလားဖြစ်သည်။
ဇလားပုံစံခွက် - အလျား ၃-၄ ပေ၊ အောက်ခြေအနံ ၁ ပေခွဲ၊ အပေါ်ဖက်အနံ၁ ပေ၊ အမြင့် ၁ ပေခွဲ

ပထမအဆင့်
- ရိုးပြတ်များရေစိမ်ခြင်း(နွေ ၆နာရီ၊မိုး ၁နာရီ၊ ဆောင်း ၃နာရီ)လွှာ ဖြန့်ခင်းထား
- ဇလာခွက်အတွင်းဖြန့်ခင်း၊ ဖိသိပ်ပြီး အထူ ၃ လက်မ
- ရိုးပြတ်ပတ်ပတ်လည်တွင် ဖြည့်စွက်စာဖြည့်ထား(အကျယ် ၃ လက်မ ပတ်လည်၊ အထူ ၀.၅ လက်မ)   
- ဖြည့်စွက်စာပေါ်တွင် မှိုမျိုးဖြူးထား(ဖြည့်စွက်စာအလယ်ကြောင်းအတိုင်း ပါးပါးညီညီဖြူးမည်)
- အထက်ပါအတိုင်း ၅-၆ လွှာစိုက်ပြီး၊ အပေါ်ဆုံးမှ ရေစိုကောက်ရိုး ခပ်ပါးပါးအုပ်ပြီးလျှင် ဇလားခွက်ကို မ,ချွတ်ပါ။
- စိုက်ပုံကို(၁)ပုံတည်းစိုက်၍လိုအပ်သောအပူချိန်မရရှိနိုင်၊နွေ(၅)ပုံ၊မိုး(၇)ပုံနှင့်ဆောင်း (၁၀)ပုံထိထား၍စိုက်ပျိုးသင့်သည်။
- နွေရာသီတွင် တစ်ပုံနှင့်တစ်ပုံအကြား အောက်ခြေအကွာအဝေး (၁၀)လက်မ
- မိုးရာသီတွင် တစ်ပုံနှင့်တစ်ပုံအကြား အောက်ခြေအကွာအဝေး (၈)လက်မ
- ဆောင်းရာသီတွင် တစ်ပုံနှင့်တစ်ပုံအကြား အောက်ခြေအကွာအဝေး (၆)လက်မ ခန့် ခွာ၍ စိုက်ပျိုးသင့်သည်။
စိုက်ပုံတန်းများကိုအတန်းလိုက်ပလတ်စတစ်(အကြည်စ)ဖြင့် အိမ်အမိုး (သို့) ပေါင်းမိုးခုံးသဏ္ဌာန် လုံခြုံစွာအုပ်ထားရမည်။
- စိုက်ပျိုးသောနေရာသည် တိုက်ရိုက်နေရောင်ခြည် ကျရောက်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းရှိပါက ပလတ်စတစ်ပေါ်မှ နေကာလေကာပြုလုပ်ပေးရန်လိုအပ်ပြီးဗူးစင်၊တဲ၊ ဂိုဒေါင်၊ အိမ်အောက်၊သစ်ရိပ်တို့တွင်စိုက်ပျိုးပါကနေကာလေကာပြုလုပ်ပေးရန်မလိုပါ။   

ပြုစုထိန်းသိမ်းခြင်း
ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် အခြေအနေကိုလိုက်၍ လိုအပ်သော အခြေအနေကောင်းများ ရရှိရန်ဇယားအစီအစဉ်အတိုင်း မှိုစိုက်ပုံများကို စနစ်တကျ ပြုစုထိန်းသိမ်းပေးပါ။ (မှိုစိုက်ပျိုးရေးတွင် ပြုစုထိန်းသိမ်းခြင်းသည် အရေးပါဆုံး အခန်းကဏ္ဍြဖစ်၍အထူးဂရုစိုက်သင့်သည်။)

အပူချိန်
သတ်မှတ်ကာများတွင် လိုအပ်သော အပူချိန်များ ရရှိရန် လိုအပ်သည်။
အပူချိန်မြင့်လွန်းခြင်း/နိမ့်လွန်းခြင်းများ မဖြစ်စေရ။

(အပူချိန်မြင့်ရာမှ နိမ့်စေလိုလျှင်) ...
- အောက်ခြေမြေပြင်ကို ရေဖြန်းခြင်း
- စိုက်ပုံများအကြား ရေစိုက်ကောက်ရိုးထည့်ခြင်း
- ပလတ်စတစ်ပေါ်မှ ရေစိုကောက်ရိုးဖြန့်တင်ခြင်း
- ပလတ်စတစ်ပေါ်မှ ရေဖြန်းခြင်း
- စိုက်ပုံများနိမ့်၍ စိုက်ပျိုးခြင်းတို့ ပြုလုပ်နိုင်သည်။

(အပူချိန်နိမ့်ရာမှ မြင့်စေလိုလျှင်) ...
- ပလတ်စတစ်ခင်း၍ စိုက်ပျိုးခြင်း
- ဖြည့်စွက်စာ တပြင်လုံး ထည့်သွင်းစိုက်ပျိုးခြင်း
- စိုက်ပုံများကြား ရေနွေးငွေ့လွှတ်ခြင်း
- လုံခြုံသောအခန်းတွင် မီးဖို၍ စိုက်ပျိုးခြင်း
- စိုက်ပုံများကိုကောက်ရိုးဖုံးအုပ်မီးရှို့ခြင်း(၄-ရက်အတွင်း)ပြုလုပ်နိုင်သည်။

စိုထိုင်းဆ
- စိုက်ပုံများခြောက်သွေ့ပါကရေအနည်းငယ် ဖြန်းပေးရမည်။စိုက်ပုံအပေါ်ဘက်ဇောင်းပတ်လည်တစ်လျှောက်ရေဖြန်းပေးပါ။မှိုသန္ဓေခဲစတင်ဖြစ်ပေါ်ချိန်တွင်စိုက်ပုံတွင်ရေမဖြန်းရ၊လိုအပ်ပါကအောက်ခြေကိုသာရေဖြန်းရမည်။

လေဝင်လေထွက်
- တစ်ဖက်ပါဇယားအတိုင်း လိုအပ်သလို ဆောင်ရွက်ပါ။

အလင်းရောင်
- မှိုမျှင်ပွားများချိန်ကာလအတွင်း အမှောင်များရသည်။
- မှိုမျှင်ပျောက်ကွယ်ချိန်တွင်အလင်းရောင်လိုအပ်သည်။
- မှိုသန္ဓေခဲဖြစ်ပေါ်ချိန်မှမှိုဆွတ်ခူးချိန်အထိအလင်းအမှောင်မျှတရမည်။

အာဟာရဖျော်ရည် ပြုလုပ်အသုံးပြုနည်း
- ပုလဲ(၆)ကျပ်သား
- တီစူပါ(၃)ကျပ်သား
ရေ (၃)ဂါလန်တွင်ဖျော်၍ဆေးဖြန်းကိရိယာဖြင့်စိုက်ပုံ(၃၀)ခန့်ကိုသတ်မှတ်ကာလများတွင်ပေးနိုင်သည်။







ကျင်းဖြင့်စိုက်ပျိုးနည်း   

ဂျပ်စက္ကူနှင့် နွားချေး (သို့မဟုတ်) ဗေဒါအသုံးပြုပြီး ကောက်ရိုးမှို ကျင်းဖြင့် စိုက်ပျိုးခြင်း
အလျား (၁၂-ပေ)၊ အနံ(၃-ပေ) ၊အနက်(၆)လက်မ အပုံကြီးစိုက်ပျိုးနည်း
လိုအပ်သောပစ္စည်းများ
- ဂျပ်စက္ကူ (၁၀)ပိဿာ
- မှိုမျိုး (၅)ထုပ်
- မှိုအားဆေး (၄)ထုပ်
- ခြပေါသောနေရာများအတွက် ခြဆေး (၂)ဇွန်
- ပလတ်စတစ် (၈)ကိုက် (ပလတ်စတစ် အနံ ၈-ပေ)
- နွားချေး ၁၀-၁၃တင်းခန့် (နွားချေးအစား ဗေဒါ သုံးနိုင်ပါသည်။ဗေဒါအစိုရော အခြောက်ပါသုံးနိုင်သည်။အခြောက်သုံးပါက ၅-မိနစ်ခန့်ရေစိမ်သုံးပါ။) (ဆောင်းရာသီတွင် ကြက်ချေး/ငုံးချေးကိုအောက်ဆုံးမှ ၁၂ပြည်မှ တစ်တင်းခန့် မဖြစ်မနေ ထည့်ရပါမည်။)

ကြိုတင်ပြင်ဆင်ခြင်း

 -မှိုစိုက်ပျိုးမည့်နေရာကို အလျား (၁၂)ပေ၊ အနံ (၃)ပေ နေရာသတ်မှတ်ပါ။ သတ်မှတ်နေရာ တွင် ၆လက်မခန့်  မြေကျင်းပတ်တူးပါ။
-တူး၍ရသော မြေခဲများကို ကျင်းနှုတ်ခမ်းသား၌ ကန်သင်းဘောင် ပြုလုပ်ပေးပါ။
-စိုက်ကာနီး၌ဂျပ်စက္ကူများကို(၃၀)မိနစ်မှတစ်နာရီကြာအောင် ရေစိမ်ပါ။ရေမနူးလွယ်သောဂျပ်စက္ကူများကိုတစ်ညအိပ်ထိ ရေစိမ်နိုင်သည်။
-ရေစိမ်ပြီးသောဂျပ်စက္ကူများကို လက်ဝါးအရွယ်၊ ၎င်းထက်သေးသောအရွယ်ဖြစ်အောင်ဆုတ်ဖြဲထားပါ။
-မှိုမျိုးကိုအခဲမကျန်အောင်ခြေမွထားပါ။(ဗေဒါနှင့်စိုက်ပါကဗေဒါအစို/ အခြောက်ကိုတစ်ထွာတစ်မိုက်စင်းထားပါ။)

စိုက်ပျိုးခြင်း
-ခြပေါသောနေရာ၌ ပြင်ဆင်ထားသောကျင်းအတွင်း ခြသတ်ဆေးဟင်းစားဇွန်း (၂)ဇွန်းခန့်နေရာအနှံ့ပါးပါးဖြူးပါ။၎င်းအပေါ်မှနွားချေး (၇-၁၀)တင်းခန့်ကိုနေရာအနှံ့ဖြန့်ခင်းပါ။
-ကျင်းနှုတ်ခမ်းမှ တစ်ထွာတစ်မိုက်ခန့်ခွာပြီး (ရေစိမ်ဆုတ်ဖြဲထားသော) ဂျပ်စက္ကူ များကို နေရာအနှံ့ ခင်းပါ။
-ခြေမွပြီးသောမှိုမျိုး (၅)ထုပ်ကို ဂျပ်စက္ကူပေါ်နှင့်ဘေးဘက် နွားချေး မျက်နှာပြင်ပေါ်နေရာအနှံ့ကြဲချပါ။
-ပြီးနောက် ဂျပ်စက္ကူများ၊ မှိုမျိုးများ မမြင်ရအောင် ကြံ၊နွားချေး ဖုံးပါ။
ရေ(၄)ဂါလံဝင်ပုံးနှင့်(၅)-ပုံးမှ(၁၂)ပုံးခန့်မှိုပုံမျက်နှာပြင်ပေါ်နေရာအနှံ့ ဖြန်းပါ။ပူပြင်းသောနွေရာသီ၌ရေများလေပိုကောင်းလေဖြစ်သည်။
-မှိုဟော်မုန်းအားဆေး(၁)ထုပ်ကိုရေဆယ်ဝင်ပုံးနှင့်တစ်ပုံးဖျော်၍ မှိုပုံမျက်နှာပြင်နေရာအနှံ့ ဖြန်းပါ။မှိုပုံဘေးဘက်ကျင်းအတွင်းရေပြည့်အောင်ဖြည့်ပါ။
-မြေပြင်မှခေါင်အမြင်၁-တောင်(၁-ပေခွဲ)ခန့်ထားပြီးမှိုပုံပေါ်မှခေါင်တန်း(သို့)ပေါင်းမိုးကိုင်းလုပ်ပြီး၎င်းပေါ်မှအိမ်ခေါင်မိုးကဲ့သို့ပလတ်စတစ်အလုံအုပ်ပါ။ပလတ်စတစ်အလုံအုပ်ရာတွင်မှိုပုံဘေးဘက်ခြုံမိအောင်အုပ်ရမည်။
-မှိုပုံပလတ်စတစ်အနားများကိုမြေခဲ(သို့)သဲနှင့်လုံခြုံအောင်ဖိပေးထားပါ။ပလတ်စတစ်ပေါ်မှကောက်ရိုး၊သက်ကယ်၊ဓနိ တစ်မျိုးမျိုး ပြန်အုပ်ပေးပါ။
-လုံးဝနေရိပ်တွင် စိုက်ပါကပလတ်စတစ်ချည်းသာအုပ်နိုင်သည်။သစ်ပင်ရိပ်စိုက်သူများနေရောင်အနည်းငယ်ထိုးတတ်သဖြင့်ကောက်ရိုး၊သက်ကယ်၊ဓနိပါးပါးပြန်အုပ်သင့်ပါသည်။



ပြုစုခြင်း
-(၄)ရက်မြောက်၊(၅)ရက်မြောက်နေ့တွင်မှိုပုံကိုဖွင့်ပြီးမှိုဟော်မုန်းအားဆေး(၁)ထုပ်ကိုရေဆယ်ဝင်ပုံးနှင့်(၁)ပုံးဖျော်၍ ဖြန်းပါ။ မှိုပုံရေခြောက်ပါကရေပို၍လောင်းနိုင်သည်။မှိုပုံဘေးဖက်ကျင်းအတွင်းရေပြည့်အောင်ဖြည့်ပါ။
-ပလတ်စတစ်ပြန်အုပ်ရာ၌ တစ်ပုံလုံးလုံအောင် မအုပ်ရပါ။မှိုဘောင်ထိပ်နှစ်ဖက်နှင့်ဘေးနှစ်ဖက်တို့တွင်တစ်ဖက်လေပေါက်တစ်ပေါက်စီ(စုစုပေါင်း ၄-ပေါက်)ပေးထားရမည်။
-လေပေါက်ပေးပုံမှာပလတ်စတစ်အောက်ခြေကိုအနည်းငယ်လိပ်ခေါက်ပြီး၈- လက်မပတ်လည်၉-လက်မပတ်လည်ခန့်ရှိသောစမူဆာပုံအပေါက်(တြိဂံပုံအပေါက်)ဖွင့်ထားရမည်။(ပုံတွင်ကြည့်ပါ။)
-စတင်စိုက်သည့်ရက်မှ(၆)-ရက်၊(၇)-ရက်ခန့်တွင်မှိုပုံမျက်နှာပြင်တစ်ပြင်လုံးသေးငယ်သောမှိုသန္ဓေလေးများဆန်ကွဲစေ့သဏ္ဌာန် မြင်ရပါမည်။
-မှိုသန္ဓေမြင်ရပြီး(၄)-ရက်၊ (၅)-ရက်မြောက်သောနေ့၌ဆွတ်ခူးနိုင်သောမှိုငုံကြီးများအဆင့်သို့ ရောက်ပါသည်။
-ပထမအကြိမ်ထွက်သောမှိုများကို ကြီးသည့်ဥများရွေးဆွတ်ခူးပါက(၃)ရက်မှ (၅)ရက်ခန့်ခူးပြီးမှိုများကုန်သွား၍ဆန်ကွဲစေ့သဏ္ဌာန်မှိုသန္ဓေလေးများသာကျန်တတ်ပါသည်။ထိုအခါ၎င်းမှိုသန္ဓေလေးများကြီးအောင်မစောင့်တော့ဘဲ(ရေခြောက်လျှင်) ရေဖြန်းကရားနှင့်ရေဖြန်းပါ။
-ရေဆယ်ဝင်ပုံး ၁-ပုံးမှ ၂-ပုံးထိ ဖြန်းနိုင်ပါသည်။ရေခြောက်ပါကရေပိုဖြန်းနိုင်ပါသည်။နောက်(၂-၃)ရက်ခန့်အကြာတွင် ဒုတိယအကြိမ်မှိုအသစ်ထပ်ထွက်ပါသည်။
ဒုတိယအကြိမ် မှိုများခူး၍ကုန်ပါကမှိုပုံရေခြောက်လျှင်ရေဖြန်းပါ။တတိယအကြိမ်မှိုထပ်ထွက်ပါသည်။
-စတင်စိုက်သည့်ရက်မှ(၁)လအတွင်း (၇)ပိဿာမှ(၁၅)ပိဿာခန့်အထိထွက်ရှိ နိုင်ပါသည်။ မှိုပုံသက်တမ်း(၁)လကျော်ပါက မှိုများထွက်နိုင်မှု မရှိတော့ဘဲထွက်ပါကလည်းအနည်းငယ်သာရရှိတတ်သည်။
-(နွားချေးအစားဗေဒါသုံးနိုင်ပါသည်။ဗေဒါအစိုရောအခြောက်ပါသုံးနိုင်သည်။အခြောက်သုံးပါက(၅)မိနစ်ခန့်ရေစိမ်သုံးပါ။ဗေဒါကိုတစ်ထွာတစ်မိုက်စင်းပြီးနွားချေးသုံးသည့်နေရာတိုင်းအစားထိုးထည့်နိုင်သည်။ဗေဒါစိုက်နည်းတွင်အပေါ်ဆုံးမှနွားချေးတစ်တင်းခန့်ပါးပါးဖြူးပေးရမည်။)