ကြွက်နားရွက်မှို


ကြွက်နားရွက်မှို စိုက်ပျိုးခြင်း (စိုက်ထုပ်)


-အဓိက ဘေးခွဲ၍ စိုက်ပျိုးသည်။ မှိုထုပ်၏ ဘေးပတ်လည်ကို(၁"-၂")အရွယ်ဓားသန့်သန့်ဖြင့်ခွဲပါ။တစ်ထုပ်လျှင်ဓားရာ(၈- ၁၀)နေရာခန့်(၁"-၁.၅")       အရွယ်စောင်း၍ခွဲပါ။အောက်မျက်နှာစာတွင်ဓါးရာ(၂)ချက်ရှိရမည်။
- မှိုထုပ်၏ ထိပ်မှ ကြိုးဆွဲ၍ဖြစ်စေ၊ ဝါးစင် သစ်သားစင်ပေါ်တွင် ထောင်၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။
- စိုက်ခန်းအပူချိန်သည်(၂၅-၃၂) ºC နှင့် စိုထိုင်းဆ(၈၀-၉၅)% ရှိရမည်။
- လေဝင်လေထွက် ကောင်းစွာရရှိရမည်။
- အလင်းရောင် အနည်းငယ်သာ လိုအပ်သည်။
- နေ့စဉ်ရေလောင်းပေးရမည်။တစ်နေ့လျှင်အနည်းဆုံးရေ(နှစ်ကြိမ်)လောင်းပေးရမည်။အထုပ်များအတွင်းရေမဝပ်စေရ၊မှိုပွင့်များပုပ်ရိသွားနိုင်သည်။
   မှိုထုပ်များ စဖွင့်ပြီး(၅-၇)ရက်အတွင်းမှိုပွင့်ငယ်များထွက်ပေါ်လာပြီး(၇-၁၀)ရက်အတွင်းဆွတ်ခူးရန်အသင့်ဖြစ်သည်။
- ဆွတ်ခူးပြီးနောက်မှိုထုပ်များကို(၃-၄)ရက်ခန့်ရေမလောင်းဘဲထားရမည်။ကြမ်းပြင်ကိုသာရေဖျန်းပေးပါ။ထို့နောက်မှိုထုပ်များမှမှိုပွင့်များပြန်လည်     ထွက်လာပါသည်။
- ဤနည်းအတိုင်းမှိုထုပ်ကို(၂)လမှ(၂)လခွဲကြာသည်အထိ(၃-၅)ကြိမ်အထိဆွတ်ခူးနိုင်သည်။
- မှိုထွက်အားကောင်းစေရန် Urea (၁၀၀)ဂရမ်၊ T-Super (၅၀)ဂရမ် ကို ရေ (၂.၅)ဂါလံတွင်ဖျော်စပ်၍တစ်ပတ်လျှင်နှစ်ကြိမ်ခန့်ဖျန်းပေးရမည်။
- ၆၀ ကျပ်သား မှိုထုပ်တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀-၃၀)ကျပ်သား ရရှိနိုင်သည်။

ကြွက်နားရွက်မှို စိုက်ပျိုးရာတွင် ကြုံတွေ့ရသောပြဿနာများ
    
(၁) စိုက်ထုပ်များ ပျက်စီးခြင်း
- ပိုးသတ်ရာတွင်အပူချိန်၊ပေါင်းချိန်မလုံလောက်ခြင်း
-ဖြည့်စွက်စာအထည့်များ၍ ပြင်ပမှအဖျက်အဆီးများဝင်လာခြင်း
-မျိုးထည့်သွင်းစဉ် သေးမွှားသက်ရှိများ ဝင်ရောက်ခြင်း
    
(၂) မွှားဝင်ရောက်ဖျက်ဆီးခြင်း
- မျိုးပွားစာမှ ပါလာခြင်း
- စိုက်ခန်းပတ်ဝန်းကျင်မသန့်ရှင်းခြင်း(အလွန်ဆိုးရွားသောပြဿနာဖြစ်သည်။)

(၃) မှိုမျှင်ပြည့်သော်လည်း မှိုသန္ဓေခဲ မဖြစ်ပေါ်ခြင်း
- မျိုးညံ့ခြင်း
- အာဟာရဓာတ် မလုံလောက်ခြင်း
- အစိုဓာတ် မလုံလောက်ခြင်း
- အိတ်ခွဲမှု နည်းလွန်းခြင်း

(၄) မှိုထုပ်ပုပ်ရိခြင်း၊ အရောင်ပျက်၍ အနံ့ဆိုးသောမှိုများတွေ့ရခြင်း
- Mucor spp. ခေါ် ဘုံနိမ့်မှိုတစ်မျိုးကြောင့် စိုက်ခန်း မသန့်ခြင်း

(၅) မှိုထုပ်ခွဲပြီးနောက် Pinicillium spp.များထွက်လာခြင်း
- ရာသီဥတုပူလျှင် ဖြစ်တတ်သည်။
- ပေါင်းချိန် မပြည့် ပေါင်းမနပ်သောကြောင့်လည်း ဖြစ်နိုင်သည်။

ကြွက်နားရွက်မှို စိုက်ပျိုးရာတွင် လိုက်နာသင့်သည့်အချက်များ


(၁) ငွေနှင်းထက် အနည်းငယ် ခံနိုင်ရည်နည်းပြီး မှိုမျှင်ပြည့်ရန် ပိုကြာသည်။
(၂) မျိုးသုံးရာတွင် သားဆက်နည်းသော မျိုးပုလင်းကို အဓိကထား သုံးသင့်သည်။
(၃) ကြွက်နားရွက်မှိုစိုက်ထုပ် ပြုလုပ်ရာတွင် ထုံးအပြင် Gypsum သုံးသင့်သည်။ (ကျောက်မှုန့်မြေသြဇာ)
(၄) ကြွက်နားရွက်မှိုစိုက်ရန် စိုက်ထုပ်ကို ပေါင်းတင် ပိုးသတ်ရာတွင် သာမန်ထက် အချိန် ပိုယူသင့်သည်။
(၅) မွှားကျရောက်ခြင်းသည်ကြွက်နားရွက်မှိုစိုက်ပျိုးမှုတွင်ကြီးမားသောအဟန့်အတားဖြစ်စေသောကြောင့်မွှားအန္တရာယ်ကိုကြိုတင်တွက်ဆကာလုပ်ငန်းစဉ်အဆင့်တိုင်းတွင်သေချာမှု/သပ်ရပ်သန့်ရှင်းမှုတို့ကိုအလေးထားဆောင်ရွက်သင့်သည်။
(၆) အစိုနှင့်အခြောက်စျေးကွက်ဟူ၍ရှိရာအစိုစျေးကွက်နှင့်ကိုက်ညီသောမျိုး၊အခြောက်စျေးကွက်နှင့်ကိုက်ညီသောမျိုးကို ခွဲခြား၍ စိုက်ပျိုးသင့်သည်။