ပီလောပီနံ (Cassava)


- ကမ္ဘာပေါ်တွင် လူတို့အာဟာရအတွက် အဓိကစားသုံးသောသီးနှံ(၄)မျိုးမှာ ဆန်၊ ဂျုံ၊ ပြောင်းနှင့်ပီလောပီနံတို့ဖြစ်ရာ အရေးပါသောသီးနှံတစ်မျိုးဖြစ်ပါသည်။
- စိုက်ပျိုးရလွယ်ကူ၍ ဝင်ငွေရသီးနှံတစ်မျိုးဖြစ်ပြီး ပီလောပီနံစိုက်ပျိုးပြီးသည်နှင့် တစ်ပြိုင်နက် သက်တမ်းတိုဟင်းသီးဟင်းရွက်၊ ပြောင်း၊ နေကြာတို့ကို ကြားသီးနှံအဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်၍ ဝင်ငွေနှစ်ခုရရှိနိုင်ပါသည်။
- ဘောင်ထပ်ပြီးချိန်တွင်ဘောင်ပေါ်တွင်ပဲကြဲ၍စိုက်ပျိုးထုတ်လုပ်လျှင်မြေအစိုဓါတ်ထိမ်းခြင်းနှင့်မြေဩဇာကောင်းမွန်ခြင်းအကျိုးကျေးဇူးရရှိနိုင်ပါသည်။
- ရိတ်သိမ်းချိန်အား ဈေးကွက်ပေါ်မူတည်၍ အနည်းငယ်ပြောင်းလဲနိုင်သကဲ့သို့ကုန်ချော များအားတစ်နှစ်ပတ်လုံးသိုလှောင်ထားရှိနိုင်ပါသည်။
- ရောဂါနှင့်ပိုးမွှားဒဏ်ကိုအသင့်အတင့်ခံနိုင်၍ ဓါတုဆေးဝါးသုံးစွဲမှုအနည်းသာရှိသောကြောင့်ဓါတ်ကြွင်းအာနိသင်နည်းပြီးစိုက်ပျိုးသူလုပ်သားများ၊စားသုံးသူနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပါသည်။




အရည်အသွေးကောင်းမျိုး၏လက္ခဏာများ

- ပင်စည်အဆစ်စိပ်ခြင်း
- ဥမြစ်ဖြစ်ထွန်းချိန်စောခြင်း
- ရောဂါဒဏ်ခံနိုင်ခြင်း
- အမျှင်ဓါတ်ပါဝင်မှုနည်းခြင်း
- ကုန်ချောအထွက်ကောင်းခြင်းတို့ဖြစ်ပါသည်။




စိုက်ပျိုးနည်းစနစ်  


- ပီလောပီနံကို မိရိုးဖလာမြေပုံစနစ်ဖြင့်စိုက်ပျိုးခဲ့သော်လည်းယခုအခါတွင် စိုက်ဘောင်စနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးခြင်းဖြင့်အထွက်နှုန်းတိုးတက်လျှက်ရှိ ပါသည်။
- အမြင့် ၂ပေ ၊ အကျယ် ၃ ပေ စိုက်ဘောင်များ ပြုလုပ်၍ မြေခံအဖြစ် ကြက်ချေးထည့်သွင်းပြီး ၆-၈ လက်မအရွယ် မျိုးကိုင်းလေးများကို ၄၅ ဒီဂရီစောင်းလျှက် တစ်ပင်နှင့် တစ်ပင် ၃ ပေခြားပြီး ၂တန်းသွား မျက်စောင်းထိုးအနေအထားဖြင့် စိုက်ပျိုးနိုင်ပါသည်။
- စိုက်ပျိုးရာတွင်ခုတ်ပြီးသားမျိုးကိုင်းများအား ၂၄နာရီအတွင်း စိုက်ပျိုးရမည်ဖြစ်ပြီးမြေတွင်းသို့ သုံးပုံနှစ်ပုံဝင်အောင် စိုက်ပျိုးရပါမည်။
- ဥမြစ်စတင်ချိန်တွင် ပေါင်းရှင်း၊ အစာကျွေး၊ ဘောင်ထပ်ခြင်း ပြုလုပ်ရပါမည်။
- တစ်ပင်လျှင် အကောင်းဆုံးကိုင်း နှစ်ကိုင်းသာချန်၍ကျန်ကိုင်းတက်များအားဖဲ့ထုတ်ပစ်ရပါမည်။
- ဥများကို ၈ လ မှစတင်၍ တူးဖော်နိုင်ပြီး ၁၅ လကျော်မှတူးဖော်လျှင် ကုန်ချောအထွက်နှုန်းကျဆင်းနိုင်ပါသည်။
- မျိုးကိုင်းအဖြစ်ထုတ်လုပ်မည်ဆိုလျှင် ၁၀ လကျော်မှထုတ်လုပ်နိုင်ပြီး ၁၅ လကျော်မှထုတ်လုပ်လျှင်မှု အပင်ပေါက်ရာခိုင်နှုန်းကျဆင်းနိုင်ပါသည်။





ပီလောပီနံမှထွက်ကုန်ပစ္စည်းများ

- လူသုံးကုန်ပစ္စည်းများအဖြစ် စက္ကူ၊ ချည်မျှင်၊ ကတ္ထူစက္ကူပုံး၊ မီးသွေး၊ ကော်၊ တိတ် တို့ဖြစ်ပါသည်။
- စားသောက်ကုန်ပစ္စည်းများအဖြစ် အချိုမှုန့်၊ နို့မှုန့်၊ ကော်မှုန့်၊ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်အမျိုးမျိုးတို့ဖြစ်ပါသည်။
- အဖျော်ယမကာအဖြစ် အရက်၊ ဘီယာနှင့် အချိုရည်မျိုးစုံ တို့ဖြစ်ပါသည်။
- ဇီဝလောင်စာ (Biodiesel)
- အလှကုန်ပစ္စည်းများ
- အိမ်သုံးဆေးဝါးများ၊ တိရစ္ဆာန်အစားအစာများတို့ဖြစ်ပါသည်။