ကြံးနှံကို မြန်မာနိုင်ငံတွင် အင်းဝခေတ်ကပင် စတင်စိုက်ပျိုးခဲ့ပြီး ကြံရည်ကို အာဟာရ အဖြစ်လည်းကောင်း၊ အားဆေးရည်အဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။ (၁၉၃၂) ခုနှစ်တွင် ကြံ စီမံကိန်း သီးခြားချမှတ်ဆောင်ရွက်ခဲ့၍ ကြံစိုက်ဧက တိုးတက်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် (၁၉၅၀) ခုနှစ်တွင် ပြည်တော်သာ စီမံကိန်းအရ ကြံတိုးတက်စိုက်ပျိုးရေးနှင့် သကြားစက် တိုးချဲ့တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ (၁၉၉၄) ခုနှစ်နောက်ပိုင်းတွင် သကြားစက်ရုံများကို အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းခဲ့ပြီး သကြားစက်ရုံအသစ်(၉)ရုံကို တိုးချဲ့တည်ဆောက်ခဲ့ပါသည်။ (၂၀၀၄-၂၀၀၅) ခုနှစ်နောက်ပိုင်းတွင်သကြားထုတ်လုပ်မှုလုပ်ငန်းကိုနိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း တစ်ခုတည်းသာမက မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်နှင့်ပုဂ္ဂလိက ကုမ္ပဏီများကပါ ဆောင်ရွက်လာကြပါသည်။ပြည်တွင်းသကြားစက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြံစိုက်ဧကများ တဖြေးဖြေးတိုးတက်လာပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကြံသီးနှံကို တိုင်းဒေသကြီး/ ပြည်နယ်(၁၃)ခုတွင်စိုက်ပျိုးကြပြီး နှစ်စဉ်ဧက(၄)သိန်းကျော် စိုက်ပျိုးလျှက်ရှိပါသည်။ 

ချက်ကြံသီးနှံနှစ်အလိုက်စိုက်ပျိုးထုတ်လုပ်မှု