ကြံသီးနှံမျိုးကွဲများနှင့်သွင်ပြင်လက္ခဏာများ

၁။ ကြံမျိုးကောင်း(Good Variety)၏လက္ခဏာများ

 (က) ကြံအထွက်နှုန်း၊ သကြားအထွက်နှုန်းကောင်းခြင်း

 (ခ) ပိုးမွှား၊ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း

 (ဂ) လမိုင်းအထွက်နှုန်းကောင်းမွန်ခြင်း

 (ဃ) ဒေသရေမြေနှင့်ကိုက်ညီမှုရှိခြင်း

၂။ ကြံမျိုးသန့်(Clean Seed Cane) ၏လက္ခဏာများ

 (က) ကြံမျိုးသန့်စင်ခြင်း

 (ခ) အပင်ပုံသဏ္ဍာန်ကွဲလွဲမှုမရှိဘဲဗီဇသဘောအရအရည်အသွေးမှန်ကန်ခြင်း

 (ဂ) အခြားမျိုးကွဲများရောနှောပါဝင်မှုမရှိခြင်း

 (ဃ) ပိုးမွှားရောဂါကင်းစင်ခြင်း

 (င) Clean Seed Cane - ပိုးမွှားရောဂါကင်းစင်အောင်စီမံဆောင်ရွက်ထားသောမျိုးကြံ

၃။ မျိုးကြံ(Seed Cane) ၏အရည်အသွေးများ

 (က) မျက်လုံးဖူးကျန်းမာသန်စွမ်းခြင်း

 (ခ) အစိုဓါတ်ပါဝင်မှုမြင့်မားခြင်း

 (ဂ) အာဟာရဓါတ်ပါဝင်မှုလုံလောက်ခြင်း

 (ဃ) သကြားပျက်ပါဝင်မှုရာခိုင်နှုန်းမြင့်မားခြင်း

 (င) ပိုးမွှားရောဂါကင်းစင်ခြင်း

 (စ) ဆစ်ကြားမြစ်များ၊ အက်ကွဲကြောင်းများကင်းစင်ခြင်း

 (ဆ) မျိုးရောမပါစေခြင်း

 ( ဇ) သက်တမ်း ၁၀ လသားထက်မကြီးစေခြင်း


မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးကြံမျိုးများ