ကြံသီးနှံသည်ရေလုံလောက်စွာလိုအပ်သောသီးနှံဖြစ်သော်လည်းရေဝပ်ခြင်းကိုမကြိုက်နှစ်သက်ပါ။ရေသည်ကြံအထွက်ကောင်းရန်အရေးကြီးဆုံးသွင်းအားစုဖြစ်သည်။ကြံပင်ပွားထွက်ချိန်သည်ခြောက်သွေ့ရာသီနှင့်အချိန်ကိုက်ဖြစ်သည်။ရေငတ်ပါကကျန်သီးနှံစီမံမှုအားလုံးမှအကျိုးခံစားရမည်မဟုတ်ပါ။ရေသွင်းချိန်သည်စတင်မြေပြင်ချိန်မှမခုတ်ခင်(၄-၆)လအတွင်းဖြစ်ပြီးရေလိုအပ်ချက်သည်Daily Evapotranspiration rate, growth stage ပေါ်မူတည်နေသည်။ရေသွင်းပါကကြံအထွက်(၁၀-၃၀) % အထိအထွက်တိုးစေနိုင်သည်။

ကြံပင်ကြီးထွားမှုအဆင့်အလိုက် ကြံပင်ရေလိုအပ်ချက်

ကြံပင်ပေါက်ချိန်ကာလ(၄၅ ရက်သားအထိ) အတွင်း ရေသွင်းချိန်ကြားကာလကို သဲဆန်မြေ၌  (၆) ရက်၊ နုန်းမြေ၌ (၇) ရက်၊ မြေစေး၌ (၁၀) ရက် ခြားပြီး ရေသွင်းနိုင်ပါသည်။

အပင်ပွားစီးသောကာလ(၄၅ - ၁၂၀ ရက်သား) အတွင်း ရေသွင်းချိန်ကြားကာလကို သဲဆန်မြေ၌  (၇) ရက်၊ နုန်းမြေ၌ (၁၀) ရက်၊ မြေစေး၌ (၁၅) ရက် ခြားပြီး ရေသွင်းနိုင်ပါသည်။

ရေသွင်းရမည့်အကြိမ်

စိုက်ချိန်တွင် မြေအစိုဓါတ်နည်းပါက ကြံပင်ပေါက်တွင် ရေတစ်ကြိမ်

ပင်ပွားထွက်ချိန် ရက် (၆၀) သားတွင် တစ်ကြိမ်

ကြံပင်ငယ်များ ရေငတ်ချိန်(moisture stress) ဖြစ်သော ရက် (၉၀) သားတွင် တစ်ကြိမ်

ကြံပင်ငယ်များ ရေငတ်ချိန်(moisture stress) ဖြစ်သော ရက် (၁၂၀)သားတွင် တစ်ကြိမ်

ကြံပင်ငယ်များ ရေငတ်ချိန်(moisture stress) ဖြစ်သော ရက် (၁၅၀) သားတွင် တစ်ကြိမ် 

ရေသွင်းနည်းများ(Methods of Irrigation)

ရေသွင်းနည်းများ၏ အားသာချက်၊ အားနည်းချက်များ