ကော်ဖီမျိုးများ (Genus and Species of Coffee) 


မြန်မာအမည်           -              ကော်ဖီပင်

အင်္ဂလိပ်အမည်        -              Coffee

ရုက္ခဗေဒ အမည်      -              Coffea spp.

မျိုးရင်း                   -               Rubiaceae

မျိုးစိတ်                  -              (၁၀၀)ခန့်


အဓိကစီးပွားဖြစ်စိုက်ပျိုးသောမျိုးများ

၁။ အာရေးဗီးကား     (ကုန်းမြင့်ကော်ဖီ)        (Arabica)

၂ ။ ရိုဘတ်စတာ       (မြေနိမ့်ကော်ဖီ)          (Robusta)

၃။ အိတ်ဆယ်လ်ဆာ (မြေနိမ့်ကော်ဖီ)           (Excelsa)

၄ ။လိုက်ဘေးရီးကား      (မြေနိမ့်ကော်ဖီ)           (Liberica)


ကော်ဖီစိုက်ပျိုးသောဒေသများ                                                             

-     ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး  ဗီယက်နမ် ၊ ကိုလံဘီယာ ၊အင်ဒိုနီးရှား ၊ အိန္ဒိယ ၊အီသီယီုးပီးယား ၊ဟွန်ဒူးရပ်စ် ၊ပီးရူး ၊ ဂွာတီမာလာနှင့် မက္ကဆီကို စသည့်နိုင်ငံများတွင် ကျယ်ပြန့်စွာစိုက်ပျိုးကြသည်။ 

-     အဓိကအားဖြင့် အာရေးဗီးကား ကော်ဖီမျိုးအား ကုန်းမြင့်ဒေသပင်လယ်ရေမျက်နှာပြင်အမြင့်(၂၅၀၀)ပေအထက်နှင့်  ရိုဘတ်စတာမျိုးအား(၂၅၀၀)အောက်မြေနိမ့်ဒေသ၌ စိုက်ပျို ကြသည်။


မိုးရေချိန်

အာရေးဗီးကားကော်ဖီအတွက် တစ်နှစ်လျှင် ပျံ့နှံ့စွာရွာသွန်းသော မိုးရေချိန် လက်မ (၆၀-၈၀) လိုအပ်သည်။ ရိုဘတ်စတာကော်ဖီသည် အပူချိန်မြင့်မားသောမြေနိမ့် ပိုင်းနှင့် ပိုမိုသင့်လျော်သည့်အပြင် ရေလိုအပ်မှုလည်း ပိုမိုမြင့်မားသည်။ ၎င်းအတွက် တစ်နှစ်တာလိုအပ်သော အနည်းဆုံးမိုးရေချိန်မှာ (၆၀-၁၀၀) လက်မ ဖြစ်သည်။


အပူချိန်

 အာရေးဗီးကားကော်ဖီအတွက် လိုအပ်သော အပူချိန်မှာ (၁၅) ဒီဂရီ စင်တီဂရိတ် မှ  (၂၅) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ရိုဘတ်စတာကော်ဖီအတွက် လိုအပ်သောအပူချိန်မှာ (၂၀) ဒီဂရီစင်တီဂရိတ် မှ (၃၀) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။  


မြေအမျိုးအစား

 စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်မြေသည် ဓာတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရပါ။ ရေစီးရေလာကောင်းမွန်သော နုန်းမြေ၊ သဲနုန်းမြေ၊ နီညိုတော မြေ၊ ဝါညိုတောမြေ ဖြစ်ရမည်။ ရွံ့စေးမြေ မဖြစ်စေရ။ မြေသားထုအနက် အနည်းဆုံး (၄) ပေအထက်ရှိရမည်။ မြေချဉ်/ ငန်ဓာတ် (pH 5.5-6.5) ရှိသောမြေကို ကြိုက်နှစ်သက် ပါသည်။