ကော်ဖီအသီးခူးခြင်း 

ကော်ဖီသီးကို တစ်ချိန်တည်း အစိမ်းနှင့်အမှည့်ရော၍ မခူးရ။

လုံးဝရင့်မှည့်ပြီး အနီရောင်ရှိသည့် အသီးများကိုသာ အကြိမ်ကြိမ်ခူးရမည်။

အပင်ပေါ်ရှိအနည်းငယ်အစိမ်းရောင်ရှိပြီး မရင့်မှည့်သေးသည့် အသီးများကို ချန်ထားပါ။ လုံးဝမခူးရပါ။

ကျန်ရှိသော အသီးများကို ရင့်မှည့်သည့်အခါမှသာခူးပါ။

အသီးများခူးသောအခါ ကောင်းသောအသီးများနှင့်ညံ့ဖျင်းသော အသီးများကိုခွဲ ထုတ်ပါ။ခြောက်သောအသီးများ ၊ မည်းနက်သောအသီးများနှင့် မြေပေါ်ကျရောက် သည့်အသီးများကို မီးရှို့ပစ်ပါ။

အဘယ့်ကြောင့်ဆိုသော်ယင်းတို့တွင်ရောဂါဖြစ်နိုင်သည့် ကပ်ပါးများပါရှိသည်။

ကော်ဖီသီးခူးရာတွင်ကော်ဖီသီးမှည့်များမြေပေါ်သို့ မကျရောက်စေရန်ကော်ဖီပင်အောက်တွင်အခင်းတစ်ခုခုခင်းပေးထားလျှင်ပိုမိုကောင်းမွန်ပါသည်။