မြန်မာ့ရော်ဘာ

ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း
 ရော်ဘာသည်ပြည်တွင်းစက်မှုလုပ်ငန်းတွက်သာမကပြည်ပပို့ကုန်များတွက်လည်းအရေးပါသောစက်မှုကုန်ကြမ်းသီးနှံဖြစ်ပါသည်။
ရော်ဘာပင်၏စီးပွားရေးသက်တမ်းကာလအတွင်းစက်မှုကုန်ကြမ်းအတွက်ရော်ဘာအစေးရရှိသည့်အပြင်အပင်အိုသည့်အခါရော်ဘာအသစ်အဖြစ်အသုံးပြုနိုင်ပါသည်။

ဒေသအလိုက် စိုက်ပျိုးရန် သင့်လျှော်သည့် ရော်ဘာမျိုးများ
ရော်ဘာသည်နှစ်ရှည်ပင်ဖြစ်သည့်အားလျှော်စွာမျိုးရွေးချယ်မှုမှန်ကန်ရန်အရေးကြီးပါသည်။ရော်ဘာမျိုးသစ်များအားဒေသနှင့်သင့်လျှော်မှုရှိကြောင်းသုတေသနရလဒ်ရရှိပြီးမှသာစီးပွားဖြစ်စိုက်ပျိုးသင့်ပါသည်။မြန်မာနိုင်ငံ ဒေသအလိုက် စိုက်ပျိုးရန်သင့်တော်သောမျိုးမှာအောက်ပါအတိုင်း ဖြစ်သည်။
မိုးရေချိန်လက်မ (၁၀၀” -၂၀၀”) မိုးမျာပြီးခြောက်သွေ့သည့် တနင်္သာရီ မွန်၊ ကရင်၊ ရခိုင် ဒေသများတွင်စိုက်ပျိုးသင့်သည့် မျိုးများမှာ  BPM -24,RRIC-100, RRTM-717 , PB -260 , PB-235  တို့ ဖြစ် ပါသည်။
မိုးရေချိန်လက်မ(၁၀၀” -၁၂၀”)မိုးအသင့်တင်ရှိပြီးပူပြင်းခြောက်သွေ့သည့်ပဲခူး၊ရန်ကုန် ဧရာဝတီဒေသများတွင်စိုက်သင့်သည့်မျိုးများမှာ -PB-260,RRIM -717,PB -235, RRIM -623, GT 1တို့ ဖြစ် ပါသည်။
မိုးရေချိန်လက်မ(၅၀”၆၀”)မိုးနည်းပြီးအေးမြသည့်ကချင်၊ရှမ်းတောင်တန်းဒေသများတွင်စိုက်သင့်သည့်မျိုးများမှာ -RRM-600,GT-1,PR-255,PR-107,RRIM-623 တို့ ဖြစ်ပါ သည်။
မှိုင်းခံရော်ဘာထုတ်လုပ်မှုအဆင့်များ
ရော်ဘာပင်၏သဘာဝသည်စတင်စိုက်ပျိုးသည်မှာအနည်းဆုံး(၇-၈)နှစ်ကြာမှသာအစေးထုတ်ယူနိုင်သည်။ရော်ဘာအစေးရည်မှမှိုင်းခံရော်ဘာအဖြစ်လည်း ကောင်း၊ရော်ဘာအစေးရည်အပစ်(Concentrated latex)အဖြစ်လည်းကောင်း၊Technically Specified Rubber(TSR)အဖြစ်လည်းကောင်းထုတ်လုပ်ပြီးရာဘာကုန်ချောအဖြစ်
(၁) အစေးရည်စုဆောင်းခြင်း
(၂) အစေးရည်ခဲခြင်း
(၃) ရော်ဘာအပြားကြိတ်ခြင်း
(၄) မှိုင်းခံခြင်း
(၅) အတန်းစားခွဲခြား၍ ထုတ်ပိုးခြင်းတို့ဖြစ်သည်။

ရော်ဘာအစေးပိုမိုထွက်ရှိရေး နှင့် စီးပွားရေး သက်တမ်းပြည့် အစေးလှီးနိင်ရေး တို့အတွက်လိုက်နာဆောင်ရွက်ရမည့် အချက်များ

မိမိဒေသရေမြေရာသီဉတုနှင့်ကိုက်ညီသည့် အတွက်ကောင်းမျိုးများကို စိုက်ပျိုး၍စိုက်ခင်းကိုစနစ်တကျထိန်းသိမ်းပြုစုပါ။
အစေးလှီးရက်များများရရှိအောင်ပျက်ရက်မရှိလူပြည့်ကွက်ပြည့်လှီး၍လှီးရက်(၂၂၀ မှ ၂၄၀)ရရှိအောင်ဆောင်ရွက်ပါ။
အစေးလှီးကြောင်းအစာင်းဒီဂရီကိုမှန်ကန်အောင်လှီးပါ။
                                                                                        

အစေးလှီးမျက်နှာပြင် ပြောင်းသည့်အခါ စတင်လှီးရမည့် အမြင့်ကိုမှန်ကန်အောင်ဆောင်ရွက်ပါ။
ပထမ                        မြေပြင်မှအမြင့်                        ၄၀”
ဒုတိယ                       မြေပြင်မှအမြင့်                       ၅၀”
တတိယနှင့်အထက်      မြေပြင်မှအမြင့်                       ၄၀”
ပင်စည်လုံးပတ်ဝက် နေ့ခြားလှီး(S2d2)စနစ်ကျင့်သုံး၍အစေးလှီးပါ။

အခေါက်အတွင်းပိုင်းအသားတိုးလွှာ( cambium)ကိုထိခိုက်မှု မရှိအောင်အစေးလှီးပါ။အစေးလှီးရာနက်လွန်းပါက  Cambium နှင့်  Xylem အလွှာများ ထိခိုက်ပျက် စီးပြီး အခေါက်ဒဏ်ရာများ ပေါ်ခြင်း၊ အခေါက်အသစ် တက်ညီမှုမညီမညာခြင်း၊ဒဏ်ရာမှရောဂါများဝင်ရောက်နိုင်ခြင်းနှင့်အစေ့ထွက်လျော့နည်းခြင်းတို့ကြောင့်Cambiumမထိအောင်ဆောင်ရွက်ပါ။ကာဘိုဒ်မီးခွက်ကိုအသုံးပြု၍နံနက်စောစောအစေးလှီးပါ။နံနက်စောစောလှီးခြင်းသည်အစေးပိုထွက်သဖြင့် အစေးလှီးချိန်အား နံနက် (၃;၀၀) နာရီခန့်တွင်ကာဘိုဒ် မီးခွက်အသုံးပြု၍ စောနိုင်သမျှစောစောလှီးပါ။
အစေးထွက် လှုံဆော်ဆေးများနှင့်ခေတ်မီအစေးလှီးစနစ်များကိုအသုံးပြု၍အစောလှီးပါ။
သက်တမ်း(၁၅)နှစ်အထက်ရှိ အပင်ကြီးများအားအောက်ပါအတိုင်းအစေးထွက်လှုံဆော်ဆေးနှင့်လှီးစနစ်အသုံးပြုလှီးပါ။
အီသရယ်ပြင်းအားကို ၂.၅% ဖျော်၍ အစေးထွက်များသော ကာလ အောက်တိုဘာ ၊ နိဝင်ဘာ ၊ ဒီဇင်ဘာ ၊ မေ ၊ ဇွန်လ များတွင် ဆောင်ရွက်ပါ။
လက်ရှိ ကျင့်သုံး လျှက်ရှိသော  (S2 D3),(S2d4)(S2d5)စသည့်စနစ်များ ပြောင်းလဲ ကျင့်သုံးပါ ။

အရည်အသွေးမြင့်မားရေး
ထုတ်လုပ်သောရော်ဘာအရည်အသွေးကောင်းမွန်မှသာဈေးကောင်းရရှိပြီးအမြတ်စွန်းရရှိပြီးအမြတ်စွန်းပိုမိုရရှိမည့်ဖြစ်ပါသည်။ရော်ဘာအရည်အသွေးမြင့်မားရရှိရေးအတွက်အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
အစေးစုသိမ်းရာတွင် ပုံ၊ ခွက် သန့်ရှင်းရမည်။
သန့်ရှင်းသောရေ အသုံးပြုရသည်။ အသုံးပြုရာတွင်ရေကို ည သိပ်ထားပြီး ( no ) ဖကာ ဖြင့် စစ်ပြီးမှ အစေးခံရာ တွင် သုံးပါ။
ရော်ဘာ အစေးရည်ကို ၄၀ ၊ ၆၀၊ no ဖကာများ အသုံးပြူ၍ ပြောင်အောင်စစ်ပါ
ဖောမစ်အက်ဆစ်ကို အသုံးပြုရမည်။
အစေးခဲပြီး ၁၂ံမှ ၂ နာရီအကြာတွင် အစေးခဲကန်အတွင်းသို့ သန် ရှင်းသောရေဖြင့် ရေလျှံကျသည်အထိ ထပ်မံရေဖြည့်ရမည်။
အစေးခဲထားစဉ် အစေးခဲခွက်များကို ဖုံး သဲ၊ ခဲ၊ အမှိုက်များ မကျစေရန် အတွက် ပလတ်စတစ်အကြည်ဖြင့် ဖုံးထားပေးပါ။
အစေးပြားကြိတ်ရာတွင် ကြိတ်လုံးအား ရေအမြဲဆေးကြောပေးပါ။
အစေးခဲရာတွင် DRC ၁ မှ ၁ အထိသာရှိသင့်သည် လိုအပ်သလို ရေရောစပ်ပေးပါ။
ရော်ဘာများ မှိုမတက်စေရန် ရေစစ်ပြီးမှ မှိုင်းရုံသွင်းရမည်။

မှိုင်းရုံအပူချိန်ကို အောက်ပါ နေ့အလိုက် မြှင့်တင် ထားရမည်။

 ၁၁ဝံ(ဖာရင်ဟိုက်)
 ဒုတိယနေ့ ၁၂၀ (ဖာရင်ဟိုက်)
 တတိယနေ့ ၁၃၀ (ဖာရင်ဟိုက်)
 ၁၄ဝံ (ဖာရင်ဟိုက်)
ကျွမ်းကျင်သူဖြင့် အတန်းအစားခွဲခြားရွေးချယ်ပါ။
ရော်ဘာထုပ်ပိုးရာတွင် Press Box ကို အသုံးပြု၍ ကျစ်လစ်အောင် ထုပ်ပိုးပါ။
ရော်ဘာထုတ်အားမထုတ်ပိုးမီနှင့်ထုတ်ပိုးပြီးချိန်တွင်အလေးချိန်ကိုင်တွယ်စစ်ဆေးပါ။
တယ်လ်ကန်ဒါပေါင်ဒါသုတ်လိမ်းရာတွင်ရေနံဖြင့်ဖျော်၍ သုတ်လိမ်းရမည်။