ဆီအုန်းဖြင့် စားသုံးဆီဖူလုံစေရမည်

စားအုန်းဆီ(ခေါ်)ဆီအုန်းဆီသည်ယနေ့ကမ္ဘာပေါ်တွင်လူအများဆုံးစားသုံးသောစားဆီအဖြစ်နေရာယူလျှက်ရှိပါသည်။မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊မုန်းညှင်းဆီ၊ပန်းနှမ်းဆီ၊စသောရာသီသီးနှံများမှလည်းစားသုံးဆီလိုအပ်ချက်ကိုဖြည့်ဆည်ထုတ်လုပ်လျှက်ရှိပါသည်။မြန်မာနိုင်ငံတွင်စာအုန်းဆီအပါအဝင်စားဆီအမျိုးမျိုးကိုစားသုံးလျှက်ရှိရာစားအုန်းဆီသုံးစွဲမှုသည်ဆီအမျိုးမျိးစားသုံးမှု၏(၅၃)ရာခိုင်နှုန်းဖြစ်သည်ဟုပညာရှင်များကခန့်မှန်းထားပါသည်။မြန်မာနိုင်ငံ၏ရေ၊မြေ၊ရာသီဉတုအရတနင်္သာရီတိုင်းတွင်ဆီအုန်းကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်သည့်အပြင်ဆီအုန်းတိုးချဲ့စိုက်ပျိုးရန်အခြေအနေကောင်းများရှိပါသည်။

ဆီအုန်းမျိုးများ

ဆီအုန်းမျိုး(၃)မျိုးရှိပါသည်။ယင်းတို့မှာဒူရာ(Dura)၊ပစ်စီဖာရာ(Pesifera)၊တင်နရာ(Tenera)တို့ဖြစ်ပြီးဆီအုန်းစိုက်ပျိုးရာတွင်စပ်မျိုးကိုစိုက်ပျိုးကြပါသည်။ဒူရာမျိုးသည်ဆီထွက်ရှိသောအသား(Mesocarp)(၄၅ ရာခိုင်နှုန်း)ခန့်ပါဝင်သဖြင့်ဆီထွက်နည်းပါးသည်။ပစ်စီဖာရာမျိုးတွင်ဆီထွက်ရှိသောအသား(၉၀)ရာခိုင်နှုန်းတို့ပါဝင်သဖြင့်ဆီထွက်နှုန်းကောင်းသော်လည်းသီးညှာမခိုင်သဖြင့်အလေလွင့်များ၍ဆီထွက်နည်းပါသည်။ထို့ကြောင့်ဒူရာနှင့်ပစ်စီဖာရာစပ်မျိုး“တင်နရာ”သည်ဆီထွက်သောအသား(၇၅)ရာခိုင် နှုန်းပါဝင်ပြီးဆီထွက်ကောင်းမွန်သဖြင့်“တင်နရာ”စပ်မျိုးကိုအသုံးပြုကြပါသည်။(၁၉၉၅-၁၉၉၆)ခုနှစ်တွင်ကော်စကာရီကာနိုင်ငံ(CostaRica)ASDကုမ္ပဏီမှတင်နရာမျိုးကွဲ (၈)မျိုးကိုတင်သွင်းကာမြန်မာနိုင်ငံတွင်စိုက်ပျိုးခဲ့ပါသည်။၎င်းဆီအုန်းမျိုးများမှ Delix Ekona, Deli x  Li Me” နှင့် Deli x Ghana မျိုးများသည်ခြောက်သွေ့ကာလရှိသည့် မြန်မာနိုင်ငံရာသီဉတုတွင်ပိုမိုကိုက်ညီကြောင်းတွေ့ရှိရပါသည်။

ပြည်တွင်း၌ ဆီအုန်းစပ်မျိုးများ ထုတ်လုပ်ခြင်း

ဆီအုန်းစပ်မျိုးများထုတ်လုပ်နိုင်ရေးအတွက်နှစ်ရှည်သီးနှံဌာခွဲ(ယခင်မြန်မာ့နှစ်ရှည်လုပ်ငန်း)မှအပင်မွေးမြူရေးပညာရှင်နှင့်ဝန်ထမ်းများသည်မျိုးရိုးဗီဇနည်းပညာကိုအခြေ ခံကာမူလကတင်သွင်းရယူထားသော“တင်နရာ”စပ်မျိုးကိုထပ်ဆင့်မျိုးစပ်ရွေးချယ်ပြီးပစ်စီဖာရာဖခင်မျိုးများမွေးမြူခဲ့ပါသည်။၁၉၉၇ခုနှစ်အောက်တိုဘာလမှစတင်၍မျိုးကူးစပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ၁၉၉၈ခုနှစ်ဇွန်လတွင်တင်နရာပြည် တွင်းစပ်မျိုးပထမသားဆက်(F1)များထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ဒေသနှင့်ကိုက်ညီသောပြည်တွင်းဆီအုန်းစပ်မျိုးများတည်ထောင်စိုက်ပျိုးထားပါသည်။ဒေသနှင့်ကိုက်ညီသောအထိုက်အလျောက်ထောက်ခံချက်ပေးနိုင်သောပြည်တွင်းဆီအုန်းစပ်မျိုးများကိုသင့် တင့်သောဈေးနှုန်းထားဖြင့်ထုတ်လုပ်ပေးလျှက်ရှိပါသည်။ဆီအုန်းခြံတည်ထောင်ရန်အတွက်မြေပြင်ခြင်းလုပ်ငန်းကိုမုတ်သုံရာသီကုန်းဆုံးသည့်နိုဝင်ဘာလတွင်စတင်ပြီးဖေဖော်ဝါရီလကုန်တွင်အပြီးဆောင်ရွက်ရပါမည်၊သစ်ပင်ကြီးများကို11/2”-2အမြင့်မှခုတ်လှဲပြီးဘေးတက်အကိုင်းခက်ကြီးများကိုခုတ်ဖြတ်၍စုပုံကာအခြောက်ခံနေလှန်းပြီးမှမီး၍ရှို့ရပါမည်။စိုက်ပျိုးမည့်အပင်နေရာမတ်လည်(၁၀)ပေအကျယ်ဧရိယာကိုဦးစားပေး၍ငုတ်များပြောင်စင်အောင်ရှှင်းလင်းပေးရန်အထူးလိုအပ်ပါသည်။တိရစ္ဆာန်များအန္တရာယ်မှကာကွယ်ရန်ခြံပတ်လည်တွင်(၆)ပေခြား၍(၆)ပေအရှည်ရှိသောတိုင်များစိုက်ထူးပြီးသွပ်ဆူးကြိုး(၆)တန်းကာရံထားရပါမည်။ဆီသီးခိုင်များသယ် ယူရန်(၁၅)ပေအကျယ်ခြံတွင်းလမ်းများကိုတစ်ဧကလျှင်တစ်သံကြိုးနှုန်းဖောက်လုပ်ပေးရပါမည်။ကုန်းစောင်းနေရာများတွင်မိုးရေတိုက်စားခြင်းမှကာကွယ်ရန်(၂)ပေအ ကျယ်(၂)ပေနက်သောမြေဆီခံမြောင်းများတူးဖော်ပေးရပါမည်၊။

ဆီအုန်းစိုက်ပျိုးရန် ပန္နတ်အကွာအဝေးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဆီအုန်းအပင်ငယ်များမြေချမစိုက်မှီရက်သတ္တပတ်(၆)ပတ်ခန့်ကြိုတင်၍(၂၄”x၂၄”X၂၄”)ရှိသောကျင်းများကိုတူးဖော်ပေးရပါသည်။စိုက်ကျင်းတူးပြီး(၂)ပတ်ခန့်ကြာတွင်သီးသန့်တူးဖော်ထားသောအပေါ်ယံမြေသားဖြင့်ပြန်ဖုံးပေးရပါသည်။စိုက်ကျင်းတစ်ကျင်းလျင်ကျောက်မှုန့်မြေဩဇာ(၄)အောင်စနှုန်းဖြင့်ရောစပ်၍ထည့်သွင်းပေးရန်လိုပါသည်။မြေဆီထိန်းပဲများအဖြစ်ကယ်လိုပိုဂိုနီယမ်(Calopogonium)၊စင်ထရိုစီးမား(Centrocema)နှင့်ပြူရေးရီးယား(Pueraria)ပဲအရိုင်းမျိုးများကိုတစ်ဧကလျှင်(၅.၈) ပေါင်နှုန်းလိုအပ်ပါသည်။ပျိုးသက်(၁၂လမှ၁၅လ)သားအရွယ်၌ဆီအုန်းပျိုးပင်များကိုစိုက်ခင်းသို့ရွေ့ပြောင်း၍ဇွန်လအတွင်းအပြီးစိုက်ပျိုးရပါမည်။ဆီသီးခိုင်များမထွက်ခင်အပိုဝင်ရရှိစေရန်ကြားသီနှံစိုက်ပျိုးခြင်းကိုဆီအုန်းပင််မှ(၅)ပေခန့်ခွာ၍စိုက်ပြီးပထမနှစ်မှဒုတိယနှစ်အထိဆောင်ရွက်နိုင်ပါသည်။ဆီအုန်းအပင်များအအရိပ်ကျစေသောအ ပင်မျိုးများကိုကြားသီနှံအဖြစ်မစိုက်သင့်ပါ။

ဆီအုန်းပင်ပျို စိုက်ခင်းတွင် ကျွေးရမည့် ဓာတ်မြေဩဇာနှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မိုးနှောင်းမြေဩဇာကျွေးပြီးချိန်တွင်သစ်ရွက်ချုံနွယ်မြက်များကိုအပင်ခြေမှ(၆”)ခန့်ခွာ၍(၃')အကျယ်(၆”)အထူအပင်ပတ်လည်၌စုပုံပြီးအစိုဓာတ်ထိန်းပေးရပါမည်။အစိုဓာတ်ထိန်းခြင်းလုပ်ငန်းကို(၂)နှစ်သားအထိဆောင်ရွက်ပေးရန်လိုပါသည်။ဆီလက်ခုတ်ပယ်ခြင်းကိုဆီသီးခိုင်အောက်တွင်ဆီလက်(၂)လက်ချန်၍ခုတ်ပယ်ရှင်းလင်းပေးရပါမည်။ကုန်းမြင့်နေရာများ၌မီးကင်းမျော်စင်ဆောက်လုပ်ခြင်းနှင့်ပေ(၁၀၀)လျှင်တစ်ယောက်နှုန်းမီးကင်းစောင့်ထားရှိရမည်ဖြစ်ပါသည်။

ဆီအုန်းဆီကြမ်းထုတ်လုပ်ခြင်း

ဆီသီးခူးလမ်းသွယ်များဖောက်လုပ်ရန်စိုက်ခင်းစတုတ္ထနှစ်သက်တမ်းတွင်(၃')အကျယ်လမ်းများကိုအပင်လိုင်းတစ်တန်းကြားတစ်တန်းနှုန်းဖောက်လုပ်ရပါမည်။ဆီသီးခိုင်များဆွတ်ခူးရာတွင်အမှည့်မှန်သောဆီသီးခိုင်များဆွတ်ခူးရန်အသီးကြွေနှုန်းအရအောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရပါသည်။ဆီသီးအထွက်များသောရာသီတွင်ရက်သတ္တတစ်ပတ်ခြားတစ်ကြိမ်နှုန်း၊ဆီသီးအထွက်နည်းသောရာသီတွင်(၁၀)ရက်ခြား (သို့)ရက်သတ္တပတ်(၂)ပတ်ခြားတစ်ကြိမ်နှုန်းအလှည့်ကျအကွက်ခွဲ၍ဆွတ်ခူးရပါမည်။ရင့်မှည့်ခြင်းမ၍ရှိသေးသောဆီသီးခိုင်များကိုဆွတ်ခူးခြင်းမပြုမိစေရန်ဂရုစိုက်ဆောင်ရွတ်ရပါမည်။ခူးဆွတ်အပြီး(၂၄)နာရီအတွင်းဆီကြိတ်စက်ရုံသို့သယ်ယူပြီးရေနွေးငွေ့ဖြင့်ပေါင်းတင်၍ဆီကြိတ်ထုတ်ရပါသည်။