ယူကရိန်းနိုင်ငံ၏ ဂျုံသီးနှံ တင်ပို့မှုသည် (၁၀)နှစ်အတွင်း အနည်းဆုံးသို့ကျဆင်းသွားကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြား

  • Wed, 19 June 2024

ယူကရိန်းနိုင်ငံ၏ ဂျုံသီးနှံ တင်ပို့မှုသည် (၁၀)နှစ်အတွင်း အနည်းဆုံးသို့ကျဆင်းသွားကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြား


(၂၀၂၄-၂၀၂၅) ဈေးကွက်နှစ်အတွင်း ယူကရိန်း၏ ဂျုံတင်ပို့မှုပမာဏမှာမက်ထရစ်တန် (၁၃)သန်းရှိမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အနည်းဆုံးပမာဏဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနမှ ၎င်း၏ ဇွန်လအစီရင်ခံစာတွင်တင်ပြထားပါသည်။အစီရင်ခံစာတွင် ထုတ်လုပ်မှု ကျဆင်းခြင်းအပြင် ယူကရိန်း၏ အစဉ်အလာအားဖြင့် အဓိက ပို့ကုန်လမ်းကြောင်းဖြစ်သည့် ပင်လယ်နက် ကုန်သွယ်ရေးလမ်းကြောင်းအား ရုရှားမှပိတ်ပင် တားဆီးခြင်းတို့နှင့် ဆက်စပ်လျက်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

လာမည့်ဈေးကွက်နှစ်အတွင်း ယူကရိန်းနိုင်ငံ၏ ဂျုံစိုက်ပျိုးထုတ်လုပ်မှုပမာဏသည် မက်ထရစ်တန် (၁၉.၅)သန်း ရှိလိမ့်မည်ဟုလည်း ခန့်မှန်းထားပြီးယခင်နှစ်ရိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်ပါက တန်ချိန် (၃.၅)သန်းခန့် လျော့ကျသွားကြောင်း

အဆိုပါအစီရင်ခံစာတွင် ခန့်မှန်း ထားပါသည်။ယူကရိန်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပြီး အာဖရိကနှင့် အာရှနိုင်ငံများသို့ ဂျုံသီးနှံနှင့် အခြားထွက်ကုန်များအဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ရုရှားနှင့် ယူကရိန်းတိုက်ပွဲကြောင့် ပင်လယ်နက်ကို ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး၎င်းသည် ယူကရိန်းတင်ပို့သူများအား အခြားသောလမ်းကြောင်းများနှင့်ဈေးကွက်များကိုရှာဖွေရန် တွန်းအားပေး လှုံ့ဆော်မှုများဖြစ်စေခဲ့သည့်အတွက် ၎င်းသည်ယူကရိန်းနှင့် ဥရောပထုတ်လုပ်သူများ အကြား ပဋိပက္ခများဖြစ်ပေါ်စေခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွင်းဥရောပသည် ၎င်း၏စီးပွားရေးကိုသက်သာစေရန်အတွက်ယူကရိန်း နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အရှေ့ပိုင်း အဖွဲ့ဝင်နိုင်ငံများတွင်နောက်ဆက်တွဲသွင်းကုန်တင်သွင်းမှုတားမြစ် ပိတ်ပင်ချက်များနှင့်နယ်စပ်ပိတ်ဆို့မှုများကြောင့် ဒေသခံတောင်သူများအားကာကွယ်ရန်ဘေးကင်းလုံခြုံစိတ်ချရသော နည်းလမ်းများထပ်မံအကောင်အထည်ဖော်ရန်ဘရပ်ဆဲလ်တွင် တွန်းအားပေးပြောကြားခဲ့ပါသည်။

ရှရှားစစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများအပြင် နယ်မြေကျူးကျော်သိမ်းပိုက် ခြင်းများ ပြုလုပ်နေသည့် မော်စကိုသည် ဂျုံသီးနှံအပါအဝင် ဒေသတွင်းသယံဇာတ အရင်းအမြစ်များကို ဆက်လက် သိမ်းပိုက်နေသည့်အတွက် ယူကရိန်း ၏ ဆုံးရှုံးမှုများမှာ ပိုမိုများပြားလာခဲ့ပါသည်။

ကမ္ဘာ့ထိပ်တန်းဂျုံတင်ပို့သည့်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ဂျုံသီးနှံများကို သိမ်းပိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ထွက်ကုန်အဖြစ် ကမ္ဘာ့ဈေးကွက်တွင်‌‌ရောင်းချနိုင်ရန် ယုံကြည်ခဲ့ကြပါသည်။ပြီးခဲ့သည့် (၁၀)နှစ်အတွင်း ရုရှားနိုင်ငံ၏ ဂျုံတင်ပို့မှုပမာဏမှာ သိသိသာသာမြင့်တက် လာသည်ကို တွေ့ရှိခဲ့ရသော်လည်း ယခင်နှစ် တင်ပို့မှု ပမာဏ မက်ထရစ်တန်(၅၂)သန်းနှင့် နှိုင်းယှဉ်ပါက (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်အတွင်း မက်ထရစ်တန်(၄၈)သန်းအထိ လျော့ကျသွားမည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန၏အစီရင်ခံစာတွင်  ဖော်ပြထားပါသည်။ ၎င်းသည် ရာသီဥတု ဆိုးရွားမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းခြင်းနှင့် အဓိကဆက်စပ်လျက်ရှိကြောင်း (၁၃-၆-၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https:// kyivindependent.com egypt.com ၏ သတင်းအချက်အလက်များအရသိရှိရပါသည်။

Source https://kyivindependent.com/ukraines-wheat-exports-to-drop-to-10-year-low-us-agriculture-department-says/

တင်ပြသူ   ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ      ၂၀၂၄ခုနှစ်၊ဇွန်လ (၁၉) ရက်

စစ်ဆေးသူ   ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ  ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ